Fedora တွင် မြန်မာစာ Zawgyi/unicode အသုံးပြုလိုသူများအတွက်
Fedora မှာ Zawgyi/Unicode အသုံးပြုချင်သူတွေ အတွက် Fedora Myanmar Community မှ ကို Htet Wai Yan Soe ရေးသားထားတဲ့ Fedora Font Switcher ဆိုတဲ့ Tools လေးတစ်ခုကို ညွှန်းချင်ပါတယ်။
FFS မှာက ကီးဘုတ်ကော ဖောင့်ကော တစ်ပါတည်း ပါပြီးဖြစ်တဲ့ အတွက် သီးသန့်ကြီးထပ်သွင်းစရာ မလိုတော့ပါဘူး။ သွင်းနည်းကတော့ အောက်ကအတိုင်းပဲ ဖြစ်ပါတယ်။
git clone https://github.com/johnreginald/fedora-font-switcher.git
cd fedora-font-switcher
sudo make install
zawgyi အသုံးပြုလိုသူတွေက အောက်က terminal မှာ အောက်က command ကို အသုံးပြုပေးပါ။
sudo ffs z
unicode အသုံးပြုလိုသူတွေ အတွက် command ဖြစ်ပါတယ်။
sudo ffs u
unicode နဲ့ zawgyi keyboard ကိုတော့ Setting --> Region & Language --> Input Source မှာ Burmese Zawgyi နဲ့ Burmese ကို ရှာထည့်ပေးရပါမယ်။
မှတ်ချက် ။ ။ အကယ်၍ sudo command နှင့် အဆင်မပြေလျှင် su command ကို ပြောင်းလဲ၍ အသုံးပြုနိုင်ပါသည်။
အဆင်ပြေကြပါစေ
Era


sudo ffs z is not working
ReplyDelete