Keyboard Shortcut များဖန်တီးခြင်း




ဒီ Tutorial လေးမှာတော့ Terminal ကို အလွယ်တကူ သွားဖို့အတွက် ကျွန်တော်တို့ Keyboard shortcut လေးတစ်ခု ဖန်တီး ကြည့်ကြရအောင်ပါ။

ပထမဆုံး Window Key ကိုနှိပ်ပြီးပေါ်လာတဲ့ search box ထဲမှာ Setting လို့ရိုက်ထည့်လိုက်ပါ။ Setting ထဲကို ၀င်လိုက်ပါ။


Setting ထဲက မှတစ်ဆင့် keyboard ကိုရွေးပေးပါ။ အောက်ပုံလေးအတိုင်းပေါ်လာရင် ကျွန်တော်တို့ shortcuts တစ်ခုဖန်တီးဖို့ Custom Shortcuts ကိုရွေးပေးပါ။
ညာဘက်ခြမ်းက + ပုံလေးကို နှိပ်ပေးလိုက်ရင် custom shortcut ဖန်တီးဖို့ box တစ်ခုပေါ်လာပါမယ်။ အဲ့ထဲမှာ အောက်ကအတိုင်း ရိုက်ထည့်ပေးပြီး Add ကိုနှိပ်လိုက်ပါ။ ဒီနေရာမှာပြောစရာတစ်ခုရှိတာက ကျွန်တော်တို့ က Fedora Workstation ရဲ့ Desktop Enviroment က Default မှာ Gnome ကို သုံးထားတဲ့အတွက် Command နေရာမှာ gnome-terminal လို့ဖြစ်နေရခြင်း ဖြစ်ပါတယ်။


နောက်ဆုံးအဆင့်အနေနဲ့ ကျွန်တော်တို့ Terminal ကို shortcut ကီးတစ်ခု Assign လုပ်ပေးဖို့ပဲ ကျန် ပါတော့တယ်။ ညာဘက်ခြမ်းက New Accelerator ကို click နှိပ်ပြီး Ctrl + Alt + T ကီးသုံးခုကို တွဲရက် နှိပ်ပေးပါ။ အဲ့တာဆိုအောက်က ပုံစံအတိုင်းဖြစ်သွားပါပြီ။


ပြီးသွားရင်တော့ Ctrl Alt T ကို နှိပ်ပြီး Terminal ကို လွယ်လင့်တကူ အသုံးပြုနိုင်ပါပြီ။





အားလုံးပဲ အဆင်ပြေကြပါစေ ... 

Era

0 comments:

Copyright © 2013 Fedora Myanmar Tutorials