Fedy installation on Fedora



Fedora ကို စတင်အသုံးပြုသူတွေ အနေနဲ့ သွင်းထားသင့်တဲ့ Tool တစ်ခု ကတော့ Fedy ဖြစ်ပါတယ်။ Fedy မှာ Multimedia အတွက် codec လိုမျိုးနဲ့ အခြား အသုံးဝင်ဆော့ဖ်ဝဲလ်တွေကို click တစ်ချက် တည်းနဲ့ သွင်းနိုင်အောင် စီမံထားပါတယ်။ ဒါ့အပြင် Themes Installation နဲ့ Tweaks တွေကိုလည်း လုပ်ဆောင်နိုင်ပါသေးတယ်။ Fedy သွင်းဖို့အတွက် Terminal မှာ အောက်က command ကို copy ကူးပြီး ရိုက်ထည့်လိုက်ရုံပါပဲ။ ထုံးစံအတိုင်း Internet တော့ ဖွင့်ထားပေးဖို့လိုပါတယ်။
bash -c 'su -c "curl http://folkswithhats.org/fedy-installer -o fedy-installer && chmod +x fedy-installer && ./fedy-installer"'

Fedy Installation ပြီးသွားရင်တော့ အောက်မှာပြထားတဲ့အတိုင်း မိမိတို့ ထည့်သွင်း အသုံးပြုချင်တဲ့ software တွေကို click တစ်ချက်တည်းနဲ့ ထည့်သွင်းနိုင်ပြီဖြစ်ပါတယ်။

 

0 comments:

Copyright © 2013 Fedora Myanmar Tutorials