Laptop Power အစား သက်သာစေမည့် နည်းလမ်းများ
Fedora ကို Laptop နဲ့အသုံးပြုသူတွေ အနေနဲ့ ပထမဆုံးရင်ဆိုင်ရတဲ့ ပြဿနာကတော့ Power စား တဲ့ပြဿနာပါ။ အဲ့ဒီအတွက် ကျွန်တော်တို့ Powertop ဆိုတဲ့ Application လေးနဲ့ ဖြေရှင်းပေး နိုင်ပါတယ်။ Fedora Magazine ကလည်း အသုံးပြုဖို့ ညွှန်းဆိုထားတဲ့ Software တစ်ခုဖြစ်ပါတယ်။
Powertop က Terminal မှာ အသုံးပြုရတဲ့ App အမျိုးအစားတစ်ခု ဖြစ်ပြီး Battery Power ကို ဘယ် Application တွေက ဘယ်လောက်အသုံးပြုနေတယ် ဆိုတာ ကို အသေးစိတ် ဖော်ပြပေး နိုင်ပါတယ်။ Powertop ကို သွင်းဖို့အတွက် Internet ဖွင့်ထားပေးရပါမယ်။ ပထမဆုံး super user အနေနဲ့ ၀င်ရမှာဖြစ်လို့ Terminal ဖွင့်ပြီး su လို့ရိုက်ထည့်ပြီး super user ရဲ့ password နဲ့ ၀င်ထားပေးရပါမယ်။
ပြီးရင်တော့ Terminal မှာ အောက်က command ကို run ပေးပါ။
dnf install powertop
ပြီးသွားရင် ကျွန်တော်တို့ powertop ကို run ကြည့်ဖို့အတွက် အောက်က command ကို ရိုက်ထည့်ပေးပါ။
powertop
အောက်ကပုံကတော့ powertop က ဖော်ပြပေးထားတဲ့ Process တွေရဲ့ usage တွေဖြစ်ပါတယ်။
tab နှိပ်ပြီး Tunab ထိသွားကြည့်ရင်အောက်က အတိုင်း မြင်တွေ့ရမှာပါ။ Good ဆိုတာက power save လုပ်ထားခြင်းကို ဆိုလိုတာပါ။ Enter ကို နှိပ်ပြီး power saving ကို on/off လုပ်ပေး လို့ရပါတယ်။
နောက်ဆုံး အနေနဲ့ powertop service ကို စတင်ပေးဖို့အတွက် အောက်က command ကို terminal မှာ ရိုက်ထည့်ပေးပါ။
systemctl start powertop.service
နောက်တစ်ကြောင်းကတော့ boot တတ်ပြီးတာနဲ့ powertop ကို အလိုအလျောက် run ပေးဖို့ အတွက် ဖြစ်ပါတယ် ။
systemctl enable powertop.service
အားလုံးပဲ အဆင်ပြေကြပါစေ ...
Era



0 comments: