Oracle JDK installation on Fedora


Fedora မှာ Default အနေနဲ့ OpenJDK အသင့်ပါဝင်လာပြီး သားဖြစ်ပါတယ်။ ကျနော်တို့ဒီ Tutorial လေးမှာတော့ OpenJDK ထက်ပိုမိုပြီး Stable ဖြစ်တဲ့ OracleJDK ကို ထည့်သွင်းနည်း ကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။

ပထမဆုံး  JDK ကို /usr/lib/jvm အောက်ထဲကို ဖြေပေးရပါမယ်။ command ကတော့ အောက်က ပုံစံမျိုးပါ။ Terminal ထဲကိုတော့ super user အနေနဲ့ ၀င်ထားရပါမယ်။

ပြီးသွားရင် JDK ကို Install လုပ်ပါမယ်။ command ကတော့ အောက်ပုံစံမျိုးပါ။

ပြီးသွားရင် ကျွန်တော်တို့ OpenJDK နဲ့ OracleJDK ကို Swap လုပ်ပေးဖို့လိုပါသေးတယ်။ မိမိ အသုံးပြုချင်တာကို ရွေးပေးရမှာပါ။ အဲ့အတွက် အောက်က command အတိုင်း Terminal မှာ ရိုက်ထည့် ပေးရပါမယ်။


ကျွန်တော်တို့က Oracle JDK ကို အသုံးပြုမှာ ဖြစ်တဲ့ အတွက် 2 ကိုပဲ ရွေးပေးရမှာ ဖြစ်ပါတယ်။


လက်ရှိ စက်ရဲ့ Java Version ကို စစ်ဖို့အတွက် java -version လို့ရိုက်ပြီးစစ်လိုက်ရင် OpenJDK မဟုတ်ဘဲ အောက်ကလိုမျိုးလေး ဖြစ်နေရပါမယ်။


Javac ကိုလည်း install လုပ်ဖို့အတွက်  Terminal မှာ အောက်က ပုံစံမျိုး ရိုက်ထည့်ပေးရပါအုံးမယ်။


လက်ရှိ မိမိ စက်ရဲ့ Java Compiler Version ကို စစ်ချင်ရင်တော့ Terminal မှာ အောက်က အတိုင်း စစ်နိုင်ပါတယ်ဗျ။


 အဆင်ပြေကြပါစေ
Era

0 comments:

Fedora တွင် မြန်မာစာ Zawgyi/unicode အသုံးပြုလိုသူများအတွက်


Fedora မှာ Zawgyi/Unicode အသုံးပြုချင်သူတွေ အတွက် Fedora Myanmar Community မှ ကို Htet Wai Yan Soe ရေးသားထားတဲ့ Fedora Font Switcher ဆိုတဲ့ Tools လေးတစ်ခုကို ညွှန်းချင်ပါတယ်။ 

FFS မှာက ကီးဘုတ်ကော ဖောင့်ကော တစ်ပါတည်း ပါပြီးဖြစ်တဲ့ အတွက် သီးသန့်ကြီးထပ်သွင်းစရာ မလိုတော့ပါဘူး။ သွင်းနည်းကတော့ အောက်ကအတိုင်းပဲ ဖြစ်ပါတယ်။ 

git clone https://github.com/johnreginald/fedora-font-switcher.git
cd fedora-font-switcher
sudo make install

zawgyi အသုံးပြုလိုသူတွေက အောက်က terminal မှာ အောက်က command ကို အသုံးပြုပေးပါ။
sudo ffs z
unicode အသုံးပြုလိုသူတွေ အတွက် command ဖြစ်ပါတယ်။
sudo ffs u

unicode နဲ့ zawgyi keyboard ကိုတော့  Setting --> Region & Language --> Input Source မှာ Burmese Zawgyi နဲ့ Burmese ကို ရှာထည့်ပေးရပါမယ်။


Keyboard တစ်ခုနဲ့ တစ်ခုချိန်းချင်ရင်တော့ Win + Space bar ကိုနှိပ်ပြီး ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။

မှတ်ချက် ။    ။ အကယ်၍ sudo command နှင့် အဆင်မပြေလျှင် su command ကို ပြောင်းလဲ၍ အသုံးပြုနိုင်ပါသည်။



အဆင်ပြေကြပါစေ
Era

1 comments:

Basic Fedora Command များ



ဒီပို့စ်မှာတော့ ကျွန်တော် Fedora ရဲ့ Command တစ်ချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တစ်ခြား Linux Distro တစ်ခုခုကို သုံးဖူးမယ်ဆိုရင်တော့ ဒီ command တွေနဲ့ သိပ်စိမ်းမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီပို့စ်မှာတော့ Fedora ကို စတင်အသုံးပြုသူတွေ အတွက် လိုအပ်တဲ့ Terminal နဲ့ပတ်သက်တဲ့ command တစ်ချို့ကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

1. su
su ကတော့ super user ရဲ့ အတိုကောက်စာလုံးဖြစ်ပါတယ်။ ဥပမာ DNF command နဲ့  software တွေ သွင်းတဲ့ အခါမျိုးမှာ သုံးပါတယ်။ Terminal မှာ super user နဲ့ အသုံးပြုနေတယ် ဆိုရင် # သင်္ကေတလေးနဲ့ ပြပေးနေမှာဖြစ်ပါတယ်။ su ကနေ ပြန်ထွက်ပြီး login user အနေနဲ့ ပဲ သုံးချင်ရင်တော့ exit ကိုအသုံးပြုနိုင်ပါတယ်။ $ ကတော့ login user အနေနဲ့ အသုံးပြုနေတာ ကို ဖော်ပြပေးတာပါ။


2. dnf
DNF ကတော့ fedora ရဲ့ software package manager တစ်ခုဖြစ်ပါတယ်။ dnf ကို အသုံးပြုမယ် ဆိုရင် အချို့နေရာတွေမှာ super user access ဖို့လိုပါတယ်။ dnf ကိုသုံးပြီး software package တွေကို ရှာတာ install ပြုလုပ်တာတွေကို လွယ်လင့်တကူပြုလုပ်နိုင်ပါတယ်။ 

dnf search audacity
dnf install -y audacity

အပေါ်မှာသုံးထားတဲ့ -y ဆိုတာက ဆိုတာက package ကို install ပြုလုပ်ရင် မေးမဲ့ confirm ကို တစ်ခါတည်း yes လို့ သတ်မှတ်ပေးပြီး တန်းသွင်းလိုက်တာပါ။ dnf နောက်မှာ တွဲသုံးလို့ရတဲ့ အခြား Option တွေရှိပါသေးတယ်။ dnf repolist ဆိုရင်တော့ မိမိစက်ရဲ့ repolist တွေကို ထုတ်ပြပေး နိုင်ပါတယ်။ အသေးစိတ်ကိုတော့ အောက်ကလင့် မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်ခင်ဗျ။


3. history
မိမိအသုံးပြုခဲ့တဲ့ command list တွေကို ပြန်ကြည့်ချင်ရင် history နဲ့ ပြန်ကြည့်လို့ရပါတယ်။ login user အောက်မှာ ရိုက်ထည့်ရင် login user အနေနဲ့ အသုံးပြုခဲ့တဲ့ command တွေကို ပြပေးမှာဖြစ်ပြီး super user အောက်မှာ သုံးရင်တော့ super user အသုံးပြုခဲ့တဲ့ command history ကို ပြပေးမှာ ဖြစ်ပါတယ်။

4. clear
clear ကတော့ လက်ရှိ screen ကို clear လုပ်တာပါ။

5. cd
Terminal က လက်ရှိရောက်နေတဲ့ location ကနေ တစ်ခြား location ထဲကို ၀င်ချင်ရင် cd ကို အသုံးပြုနိုင်ပါတယ်။ Terminal ရဲ့ default location က /home/yourloginname ဖြစ်ပါတယ်။ သူ့အောက်ထဲက Document ထဲကို ၀င်ချင်ရင်အောက်က လိုမျိုးအသုံးပြုနိုင်ပါတယ်။
cd Dcoument/
cd / ပဲရိုက်ထည့်ရင်တော့ root folder ကို ရောက်သွားမှာဖြစ်ပါတယ်။

6. pwd
pwd က print working directory ရဲ့ အတိုကောက်စာလုံး  ဖြစ်ပြီး Terminal မှာ မိမိလက်ရှိ ရောက်နေတဲ့ directory ကို ပြပေးနိုင်ပါတယ်။

7. dir, ls
dir နဲ့ ls ကတော့ သိပ်ပြီး ကွဲပြားမှုမရှိပါဘူး။ လက်ရှိ working directory အောက်မှာ directory တွေကို ကြည့်ချင်တဲ့ အခါ မှာအသုံးပြုနိုင်ပါတယ်။ directory list ကို column ပုံစံမျိုးနဲ့ ပြပေးပါတယ်။

8. ll
ll ကလည်း dir နဲ့ ls လိုမျိုးပါပဲ။ သူကတော့ list အနေနဲ့ ပြပေးပြီး permission တွေကိုပါ ဖော်ပြပေး နိုင်ပါတယ်။



9. cp
file တွေကို copy ကူးချင်တဲ့အခါမှာ cp command ကို အသုံးပြုနိုင်ပါတယ်။ cp -source -destination ပုံစံနဲ့ အသုံးပြုနိုင်ပါတယ်။
cp /home/yourloginname/Downloads/wordpress-4.6.1.zip /usr/share/nginx/html/
10. man
Fedora မှာ command တွေရဲ့ manual ကို ဖတ်ရှုချင်ရင် man လို့ရိုက်ထည့်ပြီး အလွယ်တကူ ကြည့်ရှုလို့ရပါတယ်။ Example ~

man cp
11. tar
Fedora မှာ tar.gz ဖိုင်တွေကို tar command ကို အသုံးပြုပြီး အလွယ်တကူ ဖြည်နိုင်ပါတယ်။
  • x ကတော့ extract ကိုဆိုလိုတာဖြစ်ပြီး 
  • v ရဲ့ အဓိပ္ပာယ်က ဖြည်နေတဲ့ progress ကိုပြခိုင်းတာဖြစ်ပါတယ်
  • z ကတော့ ကျနော်တို့ က tar.gz ကို ဖြည်ချင်တာ ဖြစ်တဲ့အတွက် gzip ဖိုင်အမျိုးအစား နဲ့ compress လုပ်ထားတာဖြစ်လို့ gzip ကိုအသုံးပြုပြီး ဖြည်ခိုင်းတာပါ။
  •  f ကတော့ archieve နာမည်ကိုပြန်ညွှန်းဆိုပေးတာပါ။
  • C ကတော့ specific location မှာ ဖြည်ချင်တာဖြစ်တဲ့ အတွက် destination ရဲ့ အရှေ့မှာ အသုံးပြုထားတာ ဖြစ်ပါတယ်။

tar -xvzf [yourfilelocation] -C [destination]
12. unzip
zip ဖိုင်တွေကို ဖြည်ချင်တဲ့ အခါမျိုးမှာလည်း tar လိုမျိုးပဲ unzip ကို အသုံးပြုပြီး ဖြည်ပေးနိုင်ပါတယ်။


အားလုံးပဲ အဆင်ပြေကြပါစေဗျာ
Era


0 comments:

Fedy installation on Fedora



Fedora ကို စတင်အသုံးပြုသူတွေ အနေနဲ့ သွင်းထားသင့်တဲ့ Tool တစ်ခု ကတော့ Fedy ဖြစ်ပါတယ်။ Fedy မှာ Multimedia အတွက် codec လိုမျိုးနဲ့ အခြား အသုံးဝင်ဆော့ဖ်ဝဲလ်တွေကို click တစ်ချက် တည်းနဲ့ သွင်းနိုင်အောင် စီမံထားပါတယ်။ ဒါ့အပြင် Themes Installation နဲ့ Tweaks တွေကိုလည်း လုပ်ဆောင်နိုင်ပါသေးတယ်။ Fedy သွင်းဖို့အတွက် Terminal မှာ အောက်က command ကို copy ကူးပြီး ရိုက်ထည့်လိုက်ရုံပါပဲ။ ထုံးစံအတိုင်း Internet တော့ ဖွင့်ထားပေးဖို့လိုပါတယ်။
bash -c 'su -c "curl http://folkswithhats.org/fedy-installer -o fedy-installer && chmod +x fedy-installer && ./fedy-installer"'

Fedy Installation ပြီးသွားရင်တော့ အောက်မှာပြထားတဲ့အတိုင်း မိမိတို့ ထည့်သွင်း အသုံးပြုချင်တဲ့ software တွေကို click တစ်ချက်တည်းနဲ့ ထည့်သွင်းနိုင်ပြီဖြစ်ပါတယ်။

 

0 comments:

Laptop Power အစား သက်သာစေမည့် နည်းလမ်းများ



Fedora ကို Laptop နဲ့အသုံးပြုသူတွေ အနေနဲ့ ပထမဆုံးရင်ဆိုင်ရတဲ့ ပြဿနာကတော့ Power စား တဲ့ပြဿနာပါ။ အဲ့ဒီအတွက် ကျွန်တော်တို့ Powertop ဆိုတဲ့ Application လေးနဲ့ ဖြေရှင်းပေး နိုင်ပါတယ်။  Fedora Magazine ကလည်း အသုံးပြုဖို့ ညွှန်းဆိုထားတဲ့ Software တစ်ခုဖြစ်ပါတယ်။

Powertop က Terminal မှာ အသုံးပြုရတဲ့ App အမျိုးအစားတစ်ခု ဖြစ်ပြီး Battery Power ကို ဘယ် Application တွေက ဘယ်လောက်အသုံးပြုနေတယ် ဆိုတာ ကို အသေးစိတ် ဖော်ပြပေး နိုင်ပါတယ်။ Powertop ကို သွင်းဖို့အတွက် Internet ဖွင့်ထားပေးရပါမယ်။ ပထမဆုံး super user အနေနဲ့ ၀င်ရမှာဖြစ်လို့ Terminal ဖွင့်ပြီး su လို့ရိုက်ထည့်ပြီး super user ရဲ့ password နဲ့ ၀င်ထားပေးရပါမယ်။

ပြီးရင်တော့ Terminal မှာ အောက်က command ကို run ပေးပါ။

dnf install powertop
ပြီးသွားရင် ကျွန်တော်တို့ powertop ကို run ကြည့်ဖို့အတွက် အောက်က command ကို ရိုက်ထည့်ပေးပါ။ 

powertop
 အောက်ကပုံကတော့ powertop က ဖော်ပြပေးထားတဲ့ Process တွေရဲ့ usage တွေဖြစ်ပါတယ်။


tab နှိပ်ပြီး Tunab ထိသွားကြည့်ရင်အောက်က အတိုင်း မြင်တွေ့ရမှာပါ။ Good ဆိုတာက power save လုပ်ထားခြင်းကို ဆိုလိုတာပါ။ Enter ကို နှိပ်ပြီး power saving ကို on/off လုပ်ပေး လို့ရပါတယ်။


နောက်ဆုံး အနေနဲ့ powertop service ကို စတင်ပေးဖို့အတွက် အောက်က command ကို terminal မှာ ရိုက်ထည့်ပေးပါ။ 

systemctl start powertop.service

နောက်တစ်ကြောင်းကတော့ boot တတ်ပြီးတာနဲ့ powertop ကို အလိုအလျောက် run ပေးဖို့ အတွက် ဖြစ်ပါတယ် ။

systemctl enable powertop.service


အားလုံးပဲ အဆင်ပြေကြပါစေ ... 
Era

0 comments:

Keyboard Shortcut များဖန်တီးခြင်း




ဒီ Tutorial လေးမှာတော့ Terminal ကို အလွယ်တကူ သွားဖို့အတွက် ကျွန်တော်တို့ Keyboard shortcut လေးတစ်ခု ဖန်တီး ကြည့်ကြရအောင်ပါ။

ပထမဆုံး Window Key ကိုနှိပ်ပြီးပေါ်လာတဲ့ search box ထဲမှာ Setting လို့ရိုက်ထည့်လိုက်ပါ။ Setting ထဲကို ၀င်လိုက်ပါ။


Setting ထဲက မှတစ်ဆင့် keyboard ကိုရွေးပေးပါ။ အောက်ပုံလေးအတိုင်းပေါ်လာရင် ကျွန်တော်တို့ shortcuts တစ်ခုဖန်တီးဖို့ Custom Shortcuts ကိုရွေးပေးပါ။
ညာဘက်ခြမ်းက + ပုံလေးကို နှိပ်ပေးလိုက်ရင် custom shortcut ဖန်တီးဖို့ box တစ်ခုပေါ်လာပါမယ်။ အဲ့ထဲမှာ အောက်ကအတိုင်း ရိုက်ထည့်ပေးပြီး Add ကိုနှိပ်လိုက်ပါ။ ဒီနေရာမှာပြောစရာတစ်ခုရှိတာက ကျွန်တော်တို့ က Fedora Workstation ရဲ့ Desktop Enviroment က Default မှာ Gnome ကို သုံးထားတဲ့အတွက် Command နေရာမှာ gnome-terminal လို့ဖြစ်နေရခြင်း ဖြစ်ပါတယ်။


နောက်ဆုံးအဆင့်အနေနဲ့ ကျွန်တော်တို့ Terminal ကို shortcut ကီးတစ်ခု Assign လုပ်ပေးဖို့ပဲ ကျန် ပါတော့တယ်။ ညာဘက်ခြမ်းက New Accelerator ကို click နှိပ်ပြီး Ctrl + Alt + T ကီးသုံးခုကို တွဲရက် နှိပ်ပေးပါ။ အဲ့တာဆိုအောက်က ပုံစံအတိုင်းဖြစ်သွားပါပြီ။


ပြီးသွားရင်တော့ Ctrl Alt T ကို နှိပ်ပြီး Terminal ကို လွယ်လင့်တကူ အသုံးပြုနိုင်ပါပြီ။





အားလုံးပဲ အဆင်ပြေကြပါစေ ... 

Era

0 comments:

Copyright © 2013 Fedora Myanmar Tutorials