ဒီပို့စ်မှာတော့ ကျွန်တော် Fedora ရဲ့ Command တစ်ချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တစ်ခြား Linux Distro တစ်ခုခုကို သုံးဖူးမယ်ဆိုရင်တော့ ဒီ command တွေနဲ့ သိပ်စိမ်းမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီပို့စ်မှာတော့ Fedora ကို စတင်အသုံးပြုသူတွေ အတွက် လိုအပ်တဲ့ Terminal နဲ့ပတ်သက်တဲ့ command တစ်ချို့ကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။
1. su
su ကတော့ super user ရဲ့ အတိုကောက်စာလုံးဖြစ်ပါတယ်။ ဥပမာ DNF command နဲ့ software တွေ သွင်းတဲ့ အခါမျိုးမှာ သုံးပါတယ်။ Terminal မှာ super user နဲ့ အသုံးပြုနေတယ် ဆိုရင် # သင်္ကေတလေးနဲ့ ပြပေးနေမှာဖြစ်ပါတယ်။ su ကနေ ပြန်ထွက်ပြီး login user အနေနဲ့ ပဲ သုံးချင်ရင်တော့ exit ကိုအသုံးပြုနိုင်ပါတယ်။ $ ကတော့ login user အနေနဲ့ အသုံးပြုနေတာ ကို ဖော်ပြပေးတာပါ။
2. dnf
DNF ကတော့ fedora ရဲ့ software package manager တစ်ခုဖြစ်ပါတယ်။ dnf ကို အသုံးပြုမယ် ဆိုရင် အချို့နေရာတွေမှာ super user access ဖို့လိုပါတယ်။ dnf ကိုသုံးပြီး software package တွေကို ရှာတာ install ပြုလုပ်တာတွေကို လွယ်လင့်တကူပြုလုပ်နိုင်ပါတယ်။
dnf search audacity
dnf install -y audacity
အပေါ်မှာသုံးထားတဲ့ -y ဆိုတာက ဆိုတာက package ကို install ပြုလုပ်ရင် မေးမဲ့ confirm ကို တစ်ခါတည်း yes လို့ သတ်မှတ်ပေးပြီး တန်းသွင်းလိုက်တာပါ။ dnf နောက်မှာ တွဲသုံးလို့ရတဲ့ အခြား Option တွေရှိပါသေးတယ်။ dnf repolist ဆိုရင်တော့ မိမိစက်ရဲ့ repolist တွေကို ထုတ်ပြပေး နိုင်ပါတယ်။ အသေးစိတ်ကိုတော့ အောက်ကလင့် မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်ခင်ဗျ။
3. history
မိမိအသုံးပြုခဲ့တဲ့ command list တွေကို ပြန်ကြည့်ချင်ရင် history နဲ့ ပြန်ကြည့်လို့ရပါတယ်။ login user အောက်မှာ ရိုက်ထည့်ရင် login user အနေနဲ့ အသုံးပြုခဲ့တဲ့ command တွေကို ပြပေးမှာဖြစ်ပြီး super user အောက်မှာ သုံးရင်တော့ super user အသုံးပြုခဲ့တဲ့ command history ကို ပြပေးမှာ ဖြစ်ပါတယ်။
4. clear
clear ကတော့ လက်ရှိ screen ကို clear လုပ်တာပါ။
5. cd
Terminal က လက်ရှိရောက်နေတဲ့ location ကနေ တစ်ခြား location ထဲကို ၀င်ချင်ရင် cd ကို အသုံးပြုနိုင်ပါတယ်။ Terminal ရဲ့ default location က /home/yourloginname ဖြစ်ပါတယ်။ သူ့အောက်ထဲက Document ထဲကို ၀င်ချင်ရင်အောက်က လိုမျိုးအသုံးပြုနိုင်ပါတယ်။
cd / ပဲရိုက်ထည့်ရင်တော့ root folder ကို ရောက်သွားမှာဖြစ်ပါတယ်။
6. pwd
pwd က print working directory ရဲ့ အတိုကောက်စာလုံး ဖြစ်ပြီး Terminal မှာ မိမိလက်ရှိ ရောက်နေတဲ့ directory ကို ပြပေးနိုင်ပါတယ်။
7. dir, ls
dir နဲ့ ls ကတော့ သိပ်ပြီး ကွဲပြားမှုမရှိပါဘူး။ လက်ရှိ working directory အောက်မှာ directory တွေကို ကြည့်ချင်တဲ့ အခါ မှာအသုံးပြုနိုင်ပါတယ်။ directory list ကို column ပုံစံမျိုးနဲ့ ပြပေးပါတယ်။
8. ll
ll ကလည်း dir နဲ့ ls လိုမျိုးပါပဲ။ သူကတော့ list အနေနဲ့ ပြပေးပြီး permission တွေကိုပါ ဖော်ပြပေး နိုင်ပါတယ်။
9. cp
file တွေကို copy ကူးချင်တဲ့အခါမှာ cp command ကို အသုံးပြုနိုင်ပါတယ်။ cp -source -destination ပုံစံနဲ့ အသုံးပြုနိုင်ပါတယ်။
cp /home/yourloginname/Downloads/wordpress-4.6.1.zip /usr/share/nginx/html/
10. man
Fedora မှာ command တွေရဲ့ manual ကို ဖတ်ရှုချင်ရင် man လို့ရိုက်ထည့်ပြီး အလွယ်တကူ ကြည့်ရှုလို့ရပါတယ်။ Example ~
man cp
11. tar
Fedora မှာ tar.gz ဖိုင်တွေကို tar command ကို အသုံးပြုပြီး အလွယ်တကူ ဖြည်နိုင်ပါတယ်။
- x ကတော့ extract ကိုဆိုလိုတာဖြစ်ပြီး
- v ရဲ့ အဓိပ္ပာယ်က ဖြည်နေတဲ့ progress ကိုပြခိုင်းတာဖြစ်ပါတယ်
- z ကတော့ ကျနော်တို့ က tar.gz ကို ဖြည်ချင်တာ ဖြစ်တဲ့အတွက် gzip ဖိုင်အမျိုးအစား နဲ့ compress လုပ်ထားတာဖြစ်လို့ gzip ကိုအသုံးပြုပြီး ဖြည်ခိုင်းတာပါ။
- f ကတော့ archieve နာမည်ကိုပြန်ညွှန်းဆိုပေးတာပါ။
- C ကတော့ specific location မှာ ဖြည်ချင်တာဖြစ်တဲ့ အတွက် destination ရဲ့ အရှေ့မှာ အသုံးပြုထားတာ ဖြစ်ပါတယ်။
tar -xvzf [yourfilelocation] -C [destination]
12. unzip
zip ဖိုင်တွေကို ဖြည်ချင်တဲ့ အခါမျိုးမှာလည်း tar လိုမျိုးပဲ unzip ကို အသုံးပြုပြီး ဖြည်ပေးနိုင်ပါတယ်။
အားလုံးပဲ အဆင်ပြေကြပါစေဗျာ
Era
0 comments: